ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆက်လက်ထောက်ပံ့မှုသတင်း

6_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ARSA အကြမ်းဖက်ဖြစ်စဉ် ကြောင့် မောင်တောမြို့နယ်၊ ကျေးရွာများမှ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းဝင်းတွင် နေရပ်စွန့်ခွာ ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၆၈)ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုး ဆန်(၂၁)အိတ်၊ (၆)ပြည် (တန်ဖိုး-၆၁၂၀၀၀ိ/-)၊ ဆီ(၁)ပိဿာလျှင် (၃၂၀၀ိ/-)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁)စုစာ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၂၁)စုအတွက် (၁၀.၅)ပိဿာ (တန်ဖိုး-၃၃၆၀၀ိ/-)ကျပ်၊ ပဲ(၁) ပိဿာလျှင် (၂၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၂၁)စုအတွက် (၁၀.၅)ပိဿာ (တန်ဖိုး-၂၁၀၀၀ိ/-)ကျပ်၊ ဆား(၁)ပိဿာလျှင် (၃၀၀ိ/-)နှုန်းဖြင့် (၂၁)စုအတွက် (၅.၂၅) ပိဿာ (တန်ဖိုး-၁၅၇၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၆၆၈၁၇၅ိ/-)ကျပ်တို့အား (၆.၈.၂၀၁၈)ရက်တွင် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူ ဘုရားကျောင်းဝင်းရှိ အိမ်ထောင်စု(၂၁)စုထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr
#rke_aug2018
Source:     ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events