Category Archives: News
-
ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်
=============================================== နေပြည်တော် သြဂုတ်လ(၉)ရက် ———————- ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူဦးရေ(၁၅၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ရေဘေးသင့်ဒေသများတွင် အလျင်အမြန် ကယ်ဆယ်၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပြီး ယခုအခါ နေရာတော်တော်များများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀)အချိန်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဆေးရုံဝန်းအတွင်း ဝန်ထမ်းလိုင်းခန်း (၃)ခန်းတွဲတွင် မိန်းခလုတ်မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)၊ အိမ်ထောင်စု (၃)၊ လူဦးရေ (၁၉)ဦးအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ထောက်ပံ့ငွေပေးအပ်ခြင်း၊ နှစ်သိမ့်အားပေးခြင်းများပြုလုပ်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု (၃)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၃)စုစာနှင့် လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၃၉,၉၀၀/-)ကျပ်တို့အား (၁၀-၈-၂၀၁၈)ရက် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၈)ရက်နေ့ ည(၁၁:၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ကျိပ်ရှစ်ဆူမြောင်း ရေမြင့် တက်လာမှုကြောင့် အမှတ်၂/၃ ရပ်ကွက်ရှိ လူနေအိမ်(၈၅)လုံး လူဦးရေ (၄၁၁)ဦးအား ရေဘေးလွတ်ရာဖောင်တော်ချက်မစခန်းတွင် ကြိုတင် ပြောင်းရွှေ့ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူ (၄၁၁)ဦးအတွက် ဆန်ဖိုးငွေ(၈၆၃,၁၀၀/-)ကျပ် အား (၁၀.၈.၂၀၁၈)ရက်နေ့(၁၁:၀၀)ချိန်တွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ကျေးရွာအုပ်စု၊ လက်ဆောင်ကောက်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ကျေးရွာအုပ်စု၊ လက်ဆောင်ကောက်ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀၀/-) ကျပ်တို့အား (၁၀-၈-၂၀၁၈) … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)မှ (၁၂း၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ (အ.ထ.က – ၅) ကျောင်းရှိ ကျောင်းသား/သူ (၁၅၀)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_simex_eqk #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရွာ၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသောအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရွာ၌် (၈-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀/-) ကျပ်တို့အား ( ၁၀-၈ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီအချိန်ထိ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူစုစုပေါင်း (၁၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်ခဲ့သူများထံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြောင်းမြမြို့၊ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်ထိ မြောင်းမြမြို့၊ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်ခဲ့သူများထံ လက်ကမ်းစာစောင်များ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ပင်ကျေးရွာ ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်များ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ပင်ကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂) အိမ်ထောင်စာတို့အား တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်နှင့်အတူ (၁၀-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် (၇-၈-၂၀၁၈) ရက်နေ့မှ (၈-၈-၂၀၁၈) ရက်နေ့အထိ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ (၇)လုံး အိမ်ထောင်စု (၇) စုမှ လူဦးရေ (၃၀) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၃၀၀၀ိ/-)၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀ိ/-)၊ … Read more









