လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမဖြစ်ခင် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၁-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၁၅) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#bgo_aug2018