ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ကုန်းကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံးသူ၏ ကျန်ရစ်သူဇနီးဖြစ်သူထံ ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

21 Pic 01

================================================
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ကုန်းကျေးရွာ၌ (၁၈-၈-၂၀၁၈) ရက်နေ့၊ (၁၈း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ ဦးဌေးအောင် [အသက်(၅၀)နှစ်]၏ ကျန်ရစ်သူဇနီးဖြစ်သူ ဒေါ်နုနုရီ ထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) အား (၂၀-၈-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events