ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ကျွန်း ကြီးကျေးရွာ၊ ကုန်းပြင်အုပ်စု၊ ကြို့ပင်စုကျေးရွာ၊ ကံဘက်အုပ်စု၊ လေးအိမ်တန်းကျေးရွာ၊ မေတ္တာကုန်းအုပ်စု၊ ဂုံးစုကျေးရွာတို့တွင် (၁၉-၈-၂၀၁၈)ရက်နေ့နှင့် (၂၀-၈-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၁၇၈) ဦးတို့အတွက်(၇၉၅,၉၃၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၃) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၂၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၇၃,၈၀၀/-) ကျပ်၊စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄,၆၂၃,၈၀၀/-) ကျပ်ကိုလည်းကောင်း(၂၁-၈ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ha_sgw
#ayy_aug2018

Sign Up

Upcoming Events