Category Archives: News
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၄.၉.၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင်ဖြစ်ပွားသော ကမ်းပြိုဘေးမှ ပြောင်းရွှေ့နေအိမ် (၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့တန်ဖိုးငွေကျပ် (၃,၀၀၀,၀၀၀)၊လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃,၂၇၅,၁၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(အိမ်ထောင်စု- ၃၀)တို့အား (၉-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၇-၉-၂၀၁၈)ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ အင်းဂျင်းတောင်ရပ်ကွက်၊ အမက-၁၀ မူလွန်ကျောင်းတွင် ကျောင်းသား/သူ လူဦးရေစုစုပေါင်း (၂၅၀)ဦးအား ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉၀၀) နာရီမှ (၁၀ဝဝ) နာရီအထိ တာလေမြို့နယ်၊ အ.ထ.က ကျောင်း၌ ကျောင်းသား/သူလူဦးရေ (၂၀၀)ဦး ခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ အခြားသဘာဝဘေး အသိပေးဟောပြောမှု ပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာများ၊လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ (၁၀၁၅)နာရီအချိန်၌ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့် အကွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၉၀၀,၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၉၅၀,၀၀၀)အား (၈-၉-၂၀၁၈)ရက်နေ့(၁၁၁၉)နာရီအချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား (၈-၉-၂၀၁၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထု (၁၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် မီးဘေးနှင့် မိုးကြိုးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် အလှူပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း
နေပြည်တော်၊ စက်တင်ဘာလ ၇ ရက် ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် POWERCHINA INTERNATIONAL GROUP LIMITEDမှ ဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင်ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍အလှူရှင်အဖွဲ့နှင့် ဆွာစက်ရုံဘုန်းတော်ကြီးကျောင်းရှိရေဘေးသင့်ပြည်သူများထံသို့သွားရောက်ခဲ့ပြီးဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အထက-၁ ကျောင်း၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၂၀)ဦးတို့အား (၁၀:၀၀)နာရီအချိန်မှ (၁၁:၄၅)နာရီ ထိလည်းကောင်း၊ အထက-၂ ကျောင်း၌ ကျောင်းသားကျောင်းသူစုစုပေါင်း (၁၂၀၀)ဦးတို့အား (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာတို့အား အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ညောင်းဦးခရိုင်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ စပါးသင်ကျေးရွာအုပ်စု၊ စပါးသင်ကျေးရွာရှိ ကျေးရွာနေပြည်သူများထံ ရေပိုက်လိုင်းသွယ်တန်းပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ (၆-၉-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့၌ (၈/၂၀၁၈) လတွင် ဖြစ်ပွားခဲ့သည့် လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများနှင့်အတူ (၇- ၉ -၂၀၁၈)ရက်နေ့တွင် အောက်ပါအတိုင်း ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည် – (၁) ညောင်တုန်းမြို့နယ် သပြုရေလယ်ကျွန်းကျေးရွာအုပ်စု ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၁၇ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြို ဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး အိမ်ထောင်စု (၄၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ သောင်ပြင် ကုန်း ကျေးရွာနှင့် ကန့်လန့်ကုန်းကျေးရွာတို့၌ (၅-၉-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့ခဲ့ရသော နေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၇-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha-rbe #bgo_sep2018









