
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၀.၉.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၄/၂၀၁၈) သင်တန်းဆင်းပွဲကျင်းပ ခဲ့ပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်ထောက်ကူပစ္စည်းများဖြစ်သော Hand speaker (၃)လုံး၊ ရေဒီယို (၃)လုံးစီအားမဲဖောက်ပေးခဲ့ပြီး တစ်ဦး ချင်းသို့ ကျောပိုးအိတ်(၁)လုံး၊ မိုးကာအက(၁)ထည်၊ ရှပ် အင်္ကျီ (၁)ထည်၊ ဦးထုပ် (၁)လုံး၊ ဓာတ်မီး(၁)လုံးနှင့် စာရေးကရိယာများအား တိုင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_sep2018
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)