Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၈) ရက်နေ့တွင်ခန္တီးမြို့နယ်၊ စည်ပင်သာယာဈေးအရှေ့နှင့် အ.ထ.က ကျောင်းဝန်းဘေး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။# ar-eqk # sgg-sept 2018Source: ခန္တီးခရိုင်ဦးစီးမှူးရုံး( ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ရွှေရန်ပြေ အလက (ခွဲ) ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၀၀) ဦးအား သဘာဝဘေး အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၄-၉-၂၀၁၈)ရက်နေ့ ည (၂၀၀၀)အချိန် မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ဇင်္ဂလနိကုန်းကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၄)နှစ်သည် ၎င်းနေအိမ်အတွင်း ချက်ပြုတ်နေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၇-၉-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) (၄/၂၀၁၈) သင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) (၄/၂၀၁၈) သင်တန်းဖွင့်ပွဲ အားကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ (၃၀) ဦး တက်ရော က်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ရေဘေးဒဏ်ခံရသော ပြည်သူများအတွက် MITASU Company နှင့် ဝန်ထမ်းမိသားစုများက လာရောက်လှူဒါန်းမှုသတင်း
စက်တင်ဘာလ၊ ၁၈၊ နေပြည်တော်။ MITASU Company နှင့်ဝန်ထမ်းမိသားစုများက ရေဘေးဒဏ်ခံရသော ပြည်သူများအတွက် အလှူငွေကျပ် လေးဆယ့်တစ်သိန်းငါးသောင်းတိတိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ လွဲှပြောင်းလက်ခံခဲ့ပါသည်။ အခမ်းအနားတွင် အလှူရှင် MITASU Company အထွေထွေမန်နေဂျာကအမှန်တကယ် လိုအပ်တဲ့ နေရာ တွေမှာ ထိထိရောက်ရောက် အကျိုးရှိစွာလှူဒါန်းနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လူငယ်များဦးဆောင်သောအဖွဲ့မှ ယခုလိုလာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း ပြည်သူကနေပြည်သူကို … Read more
-
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
စက်တင်ဘာ (၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်သူပြည်သား များနှင့် ရခိုင်ပါတီဝင်များပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးအရေးဟု ယူဆ သည့်အတွက် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ရေတို ရေရှည် လုပ်ငန်းများဆောင်ရွက်ပေးဖို့ရှိကြောင်း၊ အစိုးရအသစ်စတက်ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင် ပြည်နယ် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုနှင့် ပဲကြီးကျွန်းကျေးရွာအုပ်စုတို့တွင် (၁၄.၉.၂၀၁၈) နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၆) လုံး၊ ၎င်းအိမ်ထောင်စု (၁၆) စုရှိ လူဦးရေ (၅၉) ဦးတို့အတွက် (၂၉၆၁၆၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာဖိုး (၁၂၃၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၇၂၃၉၀၀) ကျပ်တို့အား ( ၁၈ … Read more
-
ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ နေပြည်တော် ကလေးပြုစုရေးဌာနဆောက်လုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
စက်တင်ဘာလ၊ ၁၇ရက်၊ နေပြည်တော် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင်မတည်၍ မွေးစမှ (၆) လ အရွယ်ထိ ရင်ခွင်မဲ့ကလေးငယ်များအတွက် နေပြည်တော်တွင် လူဦးရေ (၁၀၀) ဆံ့ ကလေးပြုစုရေးဌာန (၁) ခု ဆောက်လုပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မွေးကင်းစအရွယ်မှ သက်ကြီး ရွယ်အိုအထိ ကလေးသူငယ်၊အမျိုးသမီးများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိရာ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက သီးခြားစီလာရောက်တွေ့ဆုံ
နေပြည်တော်၊ ၁၇.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား Community and Family Services International (CFSI) အဖွဲ့၊ The Leprosy Mission(Myanmar) အဖွဲ့နှင့်The Sacred Heart Catholic University of Rome မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံ အမတ်ကြီးနှင့် The World Bank အဖွဲ့တို့မှ နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာCommunity and Family … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဗြန့်ကြီးကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) ပုံး (၃၇,၃၅၃/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-) ကျပ် စုစုပေါင်းတန်ဖိုးငွေ (၁၄၅,၇၅၃/-) ကျပ်တို့အား … Read more









