Category Archives: News
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီ အချိန်ထိ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မိုးသီတာကျေးရွာ၊ မဟာဗောဓိဘုန်းကြီးကျောင်း၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေးဆိုင်ရာနံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြော ပွဲသို့ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_Sep2018
-
ရေကြီးရေလွမ်းမိုးမှုထိခိုက်နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံး ချနိုင်ရေးနှင့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီး ဌာနသည် အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (ADPC) နှင့်ပူးပေါင်း၍ Royal ACE Hotel (နေပြည်တော်) ၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် “ရေကြီးရေလွမ်းမိုးမှုထိခိုက် နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံးချနိုင်ရေးနှ င့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Technical Workshop on Use of Satellite-based Flood Frequency and Hazard Mapping for … Read more
-
ငလျင်ဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မီးစက်ရုံ လမ်းဒေါင့်ရှိ အ-လ-က စည်ပင်သာယာကျောင်းလမ်းဆုံ၌ (၂၇-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် ငလျင်ဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိ ပညာများတိုးပွားစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပညာရေးကောလိပ်ရှေ့၊ ကြာပန်းအဝိုင်းနှင့် မကွေးမြို့၊ ကားကြီးကွင်းဝန်းအတွင်းတို့၌ သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်များအား စိုက်ထူပြီးဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_Sep2018
-
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့်စပ်လျဉ်း၍ ဟောပြောပွဲ ကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ အ.လ.က (၄) ဇောတိကျောင်း၌ (၂၇-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ အ.လ.က (ကျောက်ဆောင်မြေခြား) ကျောင်း၌ (၂၆-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက် ခဲ့ပြီး တက်ရော က်လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေး ဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ အ.ထ.က (၈) ကျောင်း၌ (၂၆-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၀၀) ဦး တက်ရောက် ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာ ပေးဟောပြောခြင်း၊ သဘာဝဘေး ဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝ ေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ေငွေသောင်ယံ ကျေးရွာ၌ (၁၃-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်အား (၂၆-၉-၂၀၁၈) ရက်နေ့၊ … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ အ.ထ.က (ကုန်းသာ) ကျောင်း၌ (၂၆-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_sep2018
-
ပုလောမြို့နယ်၊လိပ်သောင်ကျေးရွာအုပ်စု၊အုန်းတောကျေးရွာမီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လိပ်သောင်ကျေးရွာအုပ်စု၊ အုန်းတော ကျေးရွာ၌ (၁၄-၉-၂၀၁၈၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့အား (၂၆-၉-၂၀၁၈) ရက်နေ့၊ … Read more









