ရေကြီးရေလွမ်းမိုးမှုထိခိုက်နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံး ချနိုင်ရေးနှင့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

27 Pic_01 27 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီး ဌာနသည် အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (ADPC) နှင့်ပူးပေါင်း၍ Royal ACE Hotel (နေပြည်တော်) ၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် “ရေကြီးရေလွမ်းမိုးမှုထိခိုက် နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံးချနိုင်ရေးနှ င့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Technical Workshop on Use of Satellite-based Flood Frequency and Hazard Mapping for Flood Risk Management) ”ကိုကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲ၌ ရေဘေးအန္တရာယ်နှင့် ရေဘေးကြောင့် ထိခိုက်နိုင်ခြေရှိသည့် အချက်အလက်များကို ဆန်းစစ်ကောက်ယူပုံနည်းလမ်းများ၊ Data များရယူခြင်းနှင့် အသုံးချနိုင်မည့် နည်းလမ်းများ၏ အခြေခံသဘောတရားများကို သဘောပေါက်နားလည်စေရန်၊ ရေဘေးကြောင့် ထိခိုက်နိုင်ခြေပြမြေပုံများအပါအဝင် Web-based Flood Frequency and Hazard Mapping Tool ၏ အသုံးပြုပုံနည်းလမ်းများ ကိုသိရှိနိုင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၂၇-၉-၂၀၁၈) ရက်နေ့မှ (၂၈-၉-၂၀၁၈) ရက်နေ့အထိ (၂) ရက်ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Source:         အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) (ဘစမ)

#ar

#npw_sep2018

Sign Up

Upcoming Events