ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့်စပ်လျဉ်း၍ ဟောပြောပွဲ ကျင်းပမှု သတင်း

27 Pic_05 27 Pic_06လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ အ.လ.က (၄) ဇောတိကျောင်း၌ (၂၇-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_sep2018

Sign Up

Upcoming Events