သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီ အချိန်ထိ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မိုးသီတာကျေးရွာ၊ မဟာဗောဓိဘုန်းကြီးကျောင်း၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေးဆိုင်ရာနံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြော ပွဲသို့ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_Sep2018

Sign Up

Upcoming Events