Category Archives: News
-
သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ သထုံခရိုင်၊ သထုံမြို့၊ အဝိုင်းပတ်နား၊ နာရီစင်ရှေ့၌ သဘာဝဘေးအသိညာပေး ဗီနိုင်းဆိုင်း ဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၈) မှ Volunteer (၅) ဦးတို့သည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများအား ခေါက်ဆွဲခြောက်ထုပ် နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့မအုပ်စုမှ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သဘာဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့၊ဈေးရှေ့မြစ်ဆိပ်၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ပြည်သူများအသိပညာရရှိနိုင်ရန် သဘာဘေးအသိပညာပေး ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2018
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ ကဝက္ကင်းကျးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြ ောင်းရွှေ့နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃၉,၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၉,၉၀၀/-) ကျပ်အား (၂၈-၉-၂၀၁၈) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ မြောင်းတပ်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၈) မှ Volunteer (၅) ဦးတို့မှ သဘာဝဘေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများအား ခေါက်ဆွဲခြောက်ထုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Samaritan’s Purse အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံအမတ်ကြီးတို့ကသီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Samaritan’s Purseအဖွဲ့မှ Country Director ဖြစ်သူ Mr. Paul Mcknight ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E. Ms. RiikkaLaatu တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Samaritan’s Purse အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် စီမံချက် ဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများအားထောက်ပံ့ကူညီပေးနိုင်ရေး၊ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှုသင်တန်း တက်ရော က်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခ န့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် UNOCHA ရုံး၌ (၂၇-၉-၂၀၁၈) ရက်နေ့မှ (၂၈-၉-၂၀၁၈) ရက်နေ့အထိဖွင့်လှစ်သည့် ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှုသင်တန်း (Rapid Needs Assessment Training) အားတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂) ရက်ဖြစ်ပြီး စုစုပေါင်း (၁၂) ဦး တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ/ ပြည်သူလူထုများ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်နှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ကန်ရွာကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ/ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၈၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018
-
ဒုတိယဝန်ကြီးဦးစိုးအောင်အား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက လာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (Community Development Association- CDA) ဥက္ကဌဖြစ်သူဒေါက်တာခင်မောင်ဝင်းက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဒုတိယဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသု့ိတွေ့ဆုံရာတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း UNICEF ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအား အရည်သွေးမြှင့်တင် ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ရေနှင့်ပတ်ဝန်းကျင် … Read more









