Category Archives: News
-
ရပ်စောက်မြို့၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အ.ထ.က (၁) ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၆၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာနံရံကပ်ပိုစတာများ ပေးအပ်ခြ င်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ရွှေပြည် သာမြို့နယ်၊ ဇီးကုန်းဘုန်းကြီးကျောင်း၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_Sep2018
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ရွှေမြို့၊ အ.ထ.က (၂) ကျောင်း၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာနံရံ ကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် သြစတြေးလျနိုင်ငံ Founder of Football United Program မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာ၊ ၁၈၊ နေပြည်တော် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လာရောက်တွေ့ဆုံနှုတ်ဆက်ရာတွင် တာဝန်ထမ်း ဆောင်နေချိန်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် UEHRD မှတဆင့် ထိုင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် အခြေ အနေများကိုလည်းကောင်း၊ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က) ယနေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီ အတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ သတိပေးနှိုးဆော်ချက် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်အား စိုက်ထူ ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_sep2018
-
ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း၌ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ဆေးပစ္စည်း (၉) မျိုးအား ကျန်းမာရေးဦးစီးဌာနသို လွဲှပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ လမ်းညွှန်မှုအရ မွန်ပြည်နယ်အတွင်း ရေဘေးဖြစ်ပွားခဲ့သော ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း၌ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ဆေးပစ္စည်း (၉) မျိုးအား မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာယဉ်မျိုးအေးထံသို့ (၁၈-၉-၁၈) ရက်နေ့တွင် ထောက်ပံ့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_sep2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ဈေးအရှေ့ဘက်၊ ယုဇနလမ်းဘေး၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၉း၃၀) အချိန်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆိုင်းဘုတ်စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #sgg_sep2018
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၈) ရက်နေ့နှင့် (၁၄-၉-၂၀၁၈) ရက်နေ့များတွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများ သိရှိစေရန်အတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ကျောက်တိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗဈေးရှေ့၌ (၁) ခု၊ လယ်ဝေးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့မဈေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ (၁) ခု၊ ပျဉ်းမနားမြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ … Read more
-
ချောက်မြို့နယ်၊သန်းကုန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ သန်းကုန်းကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် သစ်ပင်ပိ ပြိုကျအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား (၁၈-၉-၂၀၁၈) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် … Read more









