သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၈) မှ Volunteer (၅) ဦးတို့သည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများအား ခေါက်ဆွဲခြောက်ထုပ် နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့မအုပ်စုမှ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#bgo_Sep2018

Sign Up

Upcoming Events