ဒုတိယဝန်ကြီးဦးစိုးအောင်အား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက လာရောက်တွေ့ဆုံမှုသတင်း

27 Pic 04 27 Pic 05စက်တင်ဘာ ၂၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (Community Development Association- CDA) ဥက္ကဌဖြစ်သူဒေါက်တာခင်မောင်ဝင်းက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဒုတိယဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသု့ိတွေ့ဆုံရာတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း UNICEF ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအား အရည်သွေးမြှင့်တင် ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_Sep2018

Sign Up

Upcoming Events