နေပြည်တော်၊ စက်တင်ဘာ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Samaritan’s Purseအဖွဲ့မှ Country Director ဖြစ်သူ Mr. Paul Mcknight ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E. Ms. RiikkaLaatu တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Samaritan’s Purse အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် စီမံချက် ဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများအားထောက်ပံ့ကူညီပေးနိုင်ရေး၊ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နိုင်ရေးကိစ္စရပ် များအားဆွေးနွေးခဲ့ကြ ပါသည်။
ဆက်လက်၍ ဖင်လန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ဥရောပသမဂ္ဂကိုယ်စား ဖင်လန်နိုင်ငံ၏ ပူးပေါင်း ပါဝင်မှုဖြင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ အခမ်းအနားကျင်းပရာတွင် ပါဝင်မည့် ပြခန်းများ၊ နိုင်ငံတကာမှ မသန်စွမ်းထင်ရှားကျော်ကြားသူများ ပါဝင်ဆင်နွှဲ နိုင်ရေးကိစ္စရပ်များနှင့် ကျင်းပရေးအစီအစဉ်များ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတ (၂) ဦးဆောင်သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခွင့်အလမ်းများ အပြည့်အဝရရှိခံစားနိုင်ရေးနှင့် လူအဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018