Category Archives: News
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက် (၀၈း၃၀)နာရီမှ (၁၀း၅၀)နာရီအထိ စစ်တွေမြို့လူစည်ကားရာ အဝေးပြေးကားဝင်း၌ မီးဘေး အသိပညာပေးဆိုင်းဘုတ်အား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းဆုံလမ်းခွ လူစည်ကားရာ လောကနန္ဒာဘုရားရှေ့တွင် မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ် အားလည်းကောင်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပဲခူး မြို့နယ်၊ အင်းတကော်မြို့၊ သာယာအေးစေတီဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အောင်ဘုံသီဟဘုရားဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း သဘာဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_Sep2018
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် အ.ထ.က-၆ မီးပွိုင့်အနီးတွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ သို့တက်ရောက်မှုသတင်း
စက်တင်ဘာ၂၉၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်ကလေးဆေးရုံ အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံ ကလေးကျန်းမာပညာအဖွဲ့၊ UK တော်ဝင်ကလေးသမားတော်များကောလိပ်၊ UNICEF တို့ ပူးပေါင်း ကျင်းပသောကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းသည်ဆက်စပ်သည့် ကဏ္ဍပေါင်းစုံပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကလေးအထူးကု ဆရာဝန် များ၏ အခန်းကဏ္ဍသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ အရေးပါသည့် အစိတ် အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များအား ရှာဖွေဖော် ထုတ်ခြင်းနှင့် … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာ၌ (၂၀-၉-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၈-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_Sep2018
-
“သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝက်ထီးကန်တိုက်နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၇.၉.၂၀၁၈)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၁၅)နာရီချိန်အထိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ကျေး ရွာသူ/သားများ စုစုပေါင်းအင်အား(၂၀၀)ဦးကျော် တို့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယင်းပွဲ၌ ပြည်မြို့နယ်သဘာဝဘေးလျော့ပါးရေး(ဆင့်ပွား) သင်တန်းဆင်း-စေတနာ့ဝန်ထမ်းလူငယ်(၃)ဦးတို့ပူးပေါင်းပါဝင်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် ဂိမ်းကစားခြင်းများဖြင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိသာထင်ရှားအောင်ဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2018 Source: … Read more
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိပညာ များတိုးပွားစေရန်ရည်ရွယ်၍ ညောင်ဦးမြို့၊ အ.ထ.က မြို့မကျောင်းအနီး မြို့မရဲစခန်းရှေ့တွင် ငလျင်ဘေးအန္တရာယ် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mdy_Sep2018
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၈-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် ဟင်္သာတမြို့နယ်၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးရှေ့၌ သဘာဝဘေးအသိ ပညာပေးဗီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ယာယီ) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌် သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ယာယီ) ကို ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် မိတ်ဆက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #krn_Sep2018
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု ကျေးရွာခွဲ (၆)ရွာ၌ (၂၉-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ရေကြီး နှစ်မြုပ်မှုကြောင့် ရေဝင် မရွှေ့ပြောင်း နေအိမ် (၁၄၂)လုံး အိမ်ထောင်စု (၁၄၂)စုမှ စုစုပေါင်းလူဦးရေ (၆၅၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ရန်ပုံငွေ (၁၃၆၇၁၀၀/-) ကျပ်တို့အား (၂၉-၉ -၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_sep2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









