Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အထက (၇) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၄၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက် ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018
-
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၈
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၈ အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ============================== (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အား ကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri) မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၈၀)ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့ တောင်ဘက် မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂၀၁၈) “သင်တန်းဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှှု ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁- ၉-၂၀၁၈) ရက်နေ့အထိဖြစ်ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ အလက (၁၂) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာ၊ (အ.ထ.က) ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အတူ သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဆွေးနွေးဟောပြောပွဲ ကျင်းပခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ (၁၀၀) ဦးတက်ရောက်ခဲ့ ကြပြီး တက်ရော က်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့် ဝေခဲ့ပါသည်။ ဟောပြောပွဲ၌ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဖြစ်လေ့ရှိသော … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ကန္နားကွင်းကျေးရွာမူလတန်း(လွန်)ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ (၁၅၅) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများအား Kumamoto တက္ကသိုလ်၊ Architecture faculty of advanced science and technology ဌာနမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၉.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအစီအစဉ်များနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် kumamoto တက္ကသိုလ်၊ Architecture faculty of Advanced science and technology ဌာနမှ Associate professor ဖြစ်သူ Dr.Riken Homma နှင့်အဖွဲ့အား တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_sep2018 Source: … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျးရွာအုပ်စု၊ ဟိုဝမ် ကျေးရွာလေဘေးတွင် (၁)အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀/-)ကျပ်ကို (၁၉.၉.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_sep2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာအုပ်စု၊ ချောင်းဖျား ကျေးရွာ၌ (၁၇ – ၉ – ၂၀၁၈) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (သွပ်မိုး/ ပျဉ်ကာ/ပျဉ်ခင်း) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈) ပြည် (၆) ဗူးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) … Read more
-
မုန်တိုင်းအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_Sep2018









