ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ သို့တက်ရောက်မှုသတင်း

စက်တင်ဘာ၂၉၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်ကလေးဆေးရုံ အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံ ကလေးကျန်းမာပညာအဖွဲ့၊ UK တော်ဝင်ကလေးသမားတော်များကောလိပ်၊ UNICEF တို့ ပူးပေါင်း ကျင်းပသောကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းသည်ဆက်စပ်သည့် ကဏ္ဍပေါင်းစုံပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကလေးအထူးကု ဆရာဝန် များ၏ အခန်းကဏ္ဍသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ အရေးပါသည့် အစိတ် အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များအား ရှာဖွေဖော် ထုတ်ခြင်းနှင့် လျင်မြန်သောတုံ့ပြန်မှုများပေးရာ၌ အထူးအရေးပါပါကြောင်း၊ ကလေးအထူးကုဆရာဝန်များအနေဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ အစိုးရ၊ ရပ်ရွာ၊ မိဘ၊ ကလေးသူငယ်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက်သော ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအသစ်ကို ပြင်ဆင်ရေးသားခဲ့ပြီး လွှတ်တော်ကစိစစ်လျက်ရှိရာမကြာမီအတည်ပြု ပြဌာန်းနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအား အကြမ်း ဖက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးခြင်းနှင့် ပစ်ပယ်ခြင်းစသည်တို့မှ ကလေးသူငယ်များ အတွက်ဥပဒေ အရ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဝန်ကြီးဌာနတခုတည်း၏ တာဝန်မဟုတ်ဘဲကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသော ကလေးအထူးကုဆရာဝန်ကြီးများအပါအဝင် လူမှုဝန်ထမ်းသမားများ၊ ဆရာ၊ဆရာမများ၊ ရဲတပ်ဖွဲ့များ အားလုံးပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်မည်သည့် အဖွဲ့အစည်းနှင့် မဆိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း ည့်သွင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာန၊ Royal College of Paediatrics၊ ယူနီဆက် (မြန်မာ) နှင့် ဘာသာရပ် ကျွမ်းကျင် သူများကတင်ပြဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတူမြန်မာနိုင်ငံ ကလေးအထူးကု ဆရာဝန် များအသင်းမှ တာဝန်ရှိသူများ၊ Royal College of Paediatrics နှင့် ယူနီဆက်(မြန်မာ) တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဆေးရုံအုပ်ကြီးများနှင့် ကလေးအထူးကုဆရာဝန်များတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေးဘေးသင့် ဒေသများအတွက် အလှူငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး၊ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေလွှမ်းမိုးမှုများတွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ လယ်ယာစိုက်ပျိုးမြေများပျက်စီးဆုံးရှုံးမှုများ အဓိကကြုံတွေ့ခဲ့ရပြီးအချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ယခုလှူဒါန်းငွေများ သည် လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးပြုမည်ဖြစ်ပါကြောင်းနှင့် လှူဒါန်းမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင်နီပေါသံရုံးကကျပ် (၁၀) သိန်း၊TECO Myanmar က အမေရိကန်ဒေါ်လာ (၅၀,၀၀၀)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ကအလှူငွေကျပ် (၂၅) သိန်းကို အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၂၀.၈.၂၀၁၈) ရက်နေ့မှ (၂၉.၉.၂၀၁၈) ရက်နေ့အထိ လက်ခံရရှိငွေစုစုပေါင်းမှာ ကျပ်သိန်း (၃၄၆,၁၇၉,၄၆၀) နှင့် အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
#hl1
#ygn_Sep2018

Sign Up

Upcoming Events