
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပဲခူး မြို့နယ်၊ အင်းတကော်မြို့၊ သာယာအေးစေတီဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အောင်ဘုံသီဟဘုရားဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း သဘာဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_Sep2018