Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာအုပ်စု ကျေးရွာ ၂ ရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ် ၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ဖွင့်လှစ်မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ကို (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar)လူမှုဖွံ့ဖြိုးရေး၊ ကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၃-၉-၂၀၁၈)ရက်နေ့တွင်(၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ စီမံချက်ကျေးရွာဖြစ်သည့် မတူပီမြို့နယ်၊ ရမ်းစီးကျေးရွာ၌ ကျေးရွာနေပြည်သူ(၄၀)ဦးအား ဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အသိပညာ ပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) တွင် ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source:ဖလမ်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #chn_Sep2018
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ကင်းတ ောင်ကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၅၀,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်ခရိုင်အတွင်းရှိ မသန်စွမ်းများထောက်ပံံ့ပွဲသို့ တက်ရောက်မှုသတင်း
စက်တင်ဘာ၂၃၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်မြို့ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဓမ္မကုန်းသာတောရကျောင်း၊ ဘန္ဒန္တအရှင်ကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူမျှော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျိုင်းတုံ မဟာမြတ်မုနိဘုရားတွင် ပန်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေပေးဝေရေ စခန်းသို့ရောက်ရှိပြီးစခန်းတာဝန်ခံများက မြို့တွင်းရပ်ကွက်များရှိ ပြည်သူများအတွက် နမ့်အာချောင်းမှ ရေကို ရေစစ်ကန်အဆင့်ဆင့်ဖြင့် ရေသန့်စင်ပြီး … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဖြစ်သူ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူမှုသတင်း
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယမ်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. LUAN THUY DUONG တို့သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ နည်းပညာသုတေသနဌာန၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်များအရ HAGL Group ၏ မန်းနေဂျင်းဒါရိုက်တာက လှူဒါန်းရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ်သိန်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကုန်းနှင့် ပက်ပြဲကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ဓနိမိုးထရံကာနေအိမ် (၅)လုံးပြိုကျပျက်စီးခဲ့သောကြောင့် အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၉) ဦး လေဘေးသင့်ခဲ့ရာ care myanmar အလှူပစ္စည်း (၁) အိမ်ထောင်လျှင် (၁)အိတ်နှုန်းဖြင့် (၅)အိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၃-၉-၂၀၁၈) ရက်နေ့တွင်ကွင်းဆင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_sep2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဂျိုင်လယ်ကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး အတွက် (၃၇,၃၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၄,၂၀၀) ကျပ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့ခြင်းနှင့်မူးယစ် ပြန်လည်ထူထောင်ရေးစခန်းများ ထိရောက်စွာ ဖွင့်လှစ်ရေး ကြည့်ရှုဆွေးနွေး
စက်တင်ဘာ ၂၂၊ ကျိုင်းတုံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိပြီး လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီးသက်မွေးသင်တန်းကျောင်းတို့ ကို ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မူလတန်းကြိုကျောင်း သို့ရောက်ရှိပြီး ကလေးငယ်ဦးရေ တိုးချဲ့သင်ကြားပေးနိုင်ရေးအတွက် လိုအပ်ချက်များတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။ … Read more









