တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်နေမှုများအား ကွင်းဆင်းကြည့်ရှု့မှုသတင်း

2 Pic 01 2 Pic 02 2 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ချမ်းမြသာစည်ရပ်ကွက်တွင် ရေဝင် ရောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ခဲ့ပါကြောင်း၊ အိမ်ခြေ (၂၂) လုံးသို့ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ (၂) လုံးမှာ ရွှေ့ပြောင်းပေးထားပါကြောင်း၊ နေအိမ်အများစုမှာ ခြေတံရှည်အိမ်များဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု/မရှိ ကြောင်း၊ အနိမ့်ဆုံး (၃) ပေခန့်မှ (၁၀) ပေကျော်ခန့်အထိ ရေနစ်မြုပ်နေပြီး ပစ္စည်းများထိခိုက်ဆုံးရှုံးမှုမရှိကြောင်း၊ ရေများ တဖြည်းဖြည်းကျဆင်းနေပါကြောင်း၊ လိုအပ်သည်များ ထောက်ပံ့ရေးနှင့် ရေရှည်အတွက် ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ ညှိနှိုင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#Shn_Oct2018

 

Sign Up

Upcoming Events