နေပြည်တော်၊ အောက်တိုဘာ ၂ ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား ဂျာမနီ နိုင်ငံလွှတ်တော်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ဒုတိယဥက္ကဌ Mr.UweKekeritz ဦး ဆောင်သောလွှတ်တော်အမတ်များနှင့် ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုသဟဇာတရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုး၍ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်မှုအခြေအနေများ၊ကုလသမဂ္ဂဖံ့ွဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများ၊ ပြန်လည် နေရာချထားရေးဆောင်ရွက်ရာတွင် ၎င်းတို့၏မူလနေရာ(သို့မဟုတ်)မူလနေရာနှင့် အနီးဆုံးနေရာများတွင် ပြန်လည် နေရာချထားနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ စီမံဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမည့်အခြေအနေများ၊ ဂျာမနီနိုင်ငံမှ ပေးအပ်နေသည့် ဖွံ့ဖြိုးမှုအကူအညီများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
#hl1
#npw_Oct2018