Category Archives: News
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ပျို့အိုင် ကျေးရွာ၌ (၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် ရေဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာနှင့် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ကျောက်မီးကျောင်းကျေးရွာအုပ်စု၊ မြန်မာအင်းတော် ကျေးရွာ၌ (၁၂-၉-၂၀၁၈) ရက်နေ့တွင် … Read more
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၁၈)ရက်နေ့တွင် ပြည်သူလူထုအား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ ကျောက်တော်မြို့အဝင် လူစည်ကားရာ ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ အဝေးပြေးကားဂိတ်၌ ရေဘေးအသိပညာပေးဗီနိုင်း မြေစိုက်ဆိုင်း ဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၀-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီရိမြိုင်ဈေးရှေ့တွင် မုန်တိုင်းဘေးပညာပေး ဗီနိုင်းပိုစတာ မြေစိုက်ဆိုင်း ဘုတ်အား စိုက်ထူခဲ့ပါသည် အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၉.၉.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးညွှန်ကြားရေးမှူး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ စိုးသိန်း၊ ငပုတောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ သင်တန်းသား၊သင်တန်း သူများ စုစုပေါင်းအင်အား (၆၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား ငပုတောမြို့နယ်အတွင်းရှိ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ အင်းလေးကျေးရွာတွင် (၁၂.၉.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့်ဘေး သင့်အိမ်ထောင် (၁၂)စုတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး (၁၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၈၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၁၀၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၉၂၀၀/-)ကျပ်တို့အား ဘေးသင့်အိမ်ထောင်စု ထံသို့ မိုးညှင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ (၂၉.၉.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_sep2018 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက် (၀၈း၃၀)နာရီမှ (၁၀း၅၀)နာရီအထိ စစ်တွေမြို့လူစည်ကားရာ အဝေးပြေးကားဝင်း၌ မီးဘေး အသိပညာပေးဆိုင်းဘုတ်အား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းဆုံလမ်းခွ လူစည်ကားရာ လောကနန္ဒာဘုရားရှေ့တွင် မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ် အားလည်းကောင်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပဲခူး မြို့နယ်၊ အင်းတကော်မြို့၊ သာယာအေးစေတီဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အောင်ဘုံသီဟဘုရားဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၅၀) ဖြင့်လည်းကောင်း သဘာဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_Sep2018
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် အ.ထ.က-၆ မီးပွိုင့်အနီးတွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ သို့တက်ရောက်မှုသတင်း
စက်တင်ဘာ၂၉၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်ကလေးဆေးရုံ အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံ ကလေးကျန်းမာပညာအဖွဲ့၊ UK တော်ဝင်ကလေးသမားတော်များကောလိပ်၊ UNICEF တို့ ပူးပေါင်း ကျင်းပသောကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းသည်ဆက်စပ်သည့် ကဏ္ဍပေါင်းစုံပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကလေးအထူးကု ဆရာဝန် များ၏ အခန်းကဏ္ဍသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ အရေးပါသည့် အစိတ် အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များအား ရှာဖွေဖော် ထုတ်ခြင်းနှင့် … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာ၌ (၂၀-၉-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၈-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_Sep2018









