ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့(၇) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်
ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ (၇) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က အဖွင့် အမှာစကား ‌ြပောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြင့်မားရေးနှင့် ပတ်သက်၍ အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)(NSPAW)တွင် ကျန်ရှိသော (၅) နှစ်တာကာလအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေပြည်တော်ဖိုရမ် တစ်ခုကိုကျင်းပခဲ့ပါကြောင်း၊ ဖိုရမ်မှ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ (၁၅) ဖွဲ့ ကိုဖွဲ့စည်းခဲ့ပြီး လူမှုအကာအကွယ်ပေးရေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် အမျိုး သမီးများ စွမ်းပကားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (၂) ဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကော်မတီမှာဌာနဆိုင်ရာများနှင့် အမျိုးသမီးများအရေးကို တက်ကြွစွာဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ NSPAW ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့များအားလုံးစုပေါင်း၍ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်-၅ နှင့်သက်ဆိုင်သည့် အဆင့်မြင့်အရာရှိကြီးများညီလာခံ High Level Conference on Gender Equality (SDG 5) ကိုကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ညီလာခံမှ NSPAW ၏ နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအားအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီး များငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ အမျိုးသမီးများပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ကဏ္ဍစုံတွင် ကျား၊ မရေးရာအား ထည့်သွင်းဆောင်ရွက်ရေးစသည့် နည်းပညာလုပ်ငန်းအဖွဲ့များ၏ Panel Discussion များမှ မူဝါဒပိုင်းဆိုင်ရာ အကြံပြု ချက်များရရှိခဲ့ပါကြောင်း၊ အကြံပြုချက်များအနက် ကဏ္ဍအလိုက် စီမံကိန်းများ၌ NSPAW ပါလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ NSPAW လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်ထည့်သွင်းထားသည့် စီမံချက်များ၊ ဦးစားပေးမူဝါဒများနှင့် အညွှန်းကိန်းများအပြင် CEDAW အကြံပြုချက်များ၊ အာဆီယံကတိကဝတ်များ၊ UNSCR 1325 တို့နှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒအရပြည်သူကို တိုက်ရိုက်အကျိုးပြုဆောင်ရွက်နေရာတွင် အချက် (၃) ချက်မှာတရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက် ဥပဒေတစ်ရပ်ထားရှိပြီးဥပဒေနှင့်အညီ အကာအကွယ် ရရှိရန် ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံပြည်ထောင်စု၏ သဘောတူညီချက် အစိတ်အပိုင်း (၂) တွင်ဆုံးဖြတ်ချက် (၁၄) ချက်ပါရှိခဲ့ပြီး ယင်းအချက်များတွင် ကျား၊ မရေးရာ တန်းတူညီမျှရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာဆုံးဖြတ်ချက်များလည်း ပါဝင်ခဲ့ပါ ကြောင်းနှင့် ယနေ့တက်ရောက်လာကြသော ဧည့်သည်တော်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အမျိုးသမီးများ၏ အကျိုးကိုရှေးရှုပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။
အစည်းအဝေးကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း/ပြည်ပမှ အသိပညာရှင် အတတ် ပညာရှင် အမျိုးသမီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_Oct2018

Sign Up

Upcoming Events