
================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် ဒီရေတောပင် စိုက်ပျိုးခြင်းအခမ်းအနားအား NGOs၊ INGOs အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ ကျေးရွာသူ/ သား အင်အား (၁၅၀) ဦးဖြင့် ပျုးခြေထောက် သစ်ပင် (၃၀၀၀) အား စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။