လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာ၌ (၂၀-၉-၂၀၁၈) ရက်နေ့နှင့် (၁-၁၀-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၅) လုံးအတွက် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄၆,၂၀၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၈) ရက်နေ့တွင်ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_Oct2018