Category Archives: News
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီကျေးရွာနှင့် ကော့စိန်အထက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ခဲ့မှု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၆၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၉) အိမ်ထောင်စုစာအား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #krn_oct2018
-
ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ မံကင်းကျေးရွာအုပ်စု၌ (၁၄-၁၀-၂၀၁၈)ရက်နေ့တွင် မိုင်းနင်းမိသော ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်တိတိအား(၂၂-၁၀-၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #otr #kcn_oct2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၀.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ(၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာအုပ်စု၊ သိလ္လာကျေးရွာ တွင် ပြည်သူလူထုစုစုပေါင်း (၁၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်/ ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၊ ဝင်းပကျေးရွာနှင့် ဓနုကတိုက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခ တ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် (၁၆၁,၇၆၅/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ အားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် (၅၅,၅၃၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ် ကဒိုင်ဒွတ်ကျေးရွာအုပ်စုနှင့် ဖ ္ကက္ကလိပ်ကျေးရွာအုပ်စု တို့တွင် (၂၀-၁၀-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စာ၊ ပြိုကျအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၅၂၀၀/-)ကျပ်တို့ အား (၂၂-၁၀-၂၀၁၈)ရက်နေ့တွင် ကျိုက်ထိုမြို့နယ် … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ဝါးဘိုးချောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာတွင် (၂၀-၁၀-၂၀၁၈)ရက်နေ့၊ (၂၂:၀၀)နာရီ အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး အိမ်ထဲတွင်အိပ်နေစဉ် မိုးကြိုးပစ်သဖြင့် မိုးကြိုးထိမှန်သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mon_oct2018 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာ၌ (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်လူနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆,၈၀၀/-) ကျပ်တို့အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေသည် (၂၀.၁၀.၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ အပေါ်ကျေးရွာလယ်ကွင်း၌ မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀) ကျပ်အား ကျိုက်မရော မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်ဦးနှင့်အတူ (၂၁.၁၀.၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ # ha-tls #mon-2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေး ထောက်ပံ့ခြင်း
================================================ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာအုပ်စု၊ ကြာအင်းလေးကျေးရွာ၌ (၁၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၁-၁၀-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၌ (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦး အတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေ(၂၇၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)စုစာတို့အား (၂၀-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်(၁၅း၄၀) နာရီချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။









