
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ် ကဒိုင်ဒွတ်ကျေးရွာအုပ်စုနှင့် ဖ ္ကက္ကလိပ်ကျေးရွာအုပ်စု တို့တွင် (၂၀-၁၀-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စာ၊ ပြိုကျအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၅၂၀၀/-)ကျပ်တို့ အား (၂၂-၁၀-၂၀၁၈)ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_oct2018
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)