Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ် အလုံး(၁၀၀) လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် AHA Centre မှ လှူဒါန်းထားသည့် ဆိုလာမီးအိမ် (၃၀၀၀)လုံးအနက်မှ ဆိုလာမီးအိမ် (၁၀၀)လုံးအား ဝေါမြို့နယ်အတွင်းရှိ ရေဘေး သင့်ပြည်သူများအတွက် ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ (၁၆-၁၁-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_nov2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးများအဖွဲ့ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အသင့်ဖြစ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
စစ်တွေ နိုဝင်ဘာ ၁၆ လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဌများဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲကစစ်တွေမြို့မှ လှဖိုးခေါင် ပြန်လည်လက်ခံရေး ယာယီ ကြားစခန်းသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်လှဖိုးခေါင် ယာယီကြားစခန်းသို့နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကြရာ ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် … Read more
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၄)၊ စပယ်လမ်း၌ (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ နံနက် (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးနှင့် ရေဘေးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာမနှင့် သင်တန်းသား/သူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲ (၁၄းဝဝ)နာရီမှ (၁၅း၃၀)နာရီအထိ ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နမ့်)တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၅)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိူး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင် ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်းများ၊ ဗွီဒီယိုများပြသခြင်း၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက် (၄) /ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာ၌ (၁၃-၁၁-၂၀၁၈) ရက်နေ့နှင့် (၁၄-၁၁-၂၀၁၈) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရ သော အိမ်ခြေ (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) … Read more
-
ပြည်ထောင်စုဝန်ကြီးများအဖွဲ့ တောင်ပြိုလက်ဝဲရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်လက်ခံရေးအတွက် အဆင့်သင့်ဖြစ်နေ မှုအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
စစ်တွေ နိုဝင်ဘာ ၁၅ လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြန်လည်လက် ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌများဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီ က စစ်တွေမြို့မှ တောင်ပြိုလက်ဝဲရှိ ပြည်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး အတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲရှိ နေရပ်စွန့်ခွာသူများ … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျးရွာ၌ ်(၁၃-၁၁-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု(၁၂) စုမှ လူဦးရေ (၆၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၄၄,၉၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၃၄၄,၉၀၀/-) ကျပ်တို့အား (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ၊ မူလွန်ပဉ္စသီမော်ကျောင်း၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းလပ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်းအရာများ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း များ၊ အသိပညာပေးဗွီဒီယိုပြသခြင်း၊ ဗီနိုင်းပိုစတာဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၄၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ … Read more









