သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ နံနက် (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ မီးဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးနှင့် ရေဘေးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာမနှင့် သင်တန်းသား/သူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#kcn_nov2018

Sign Up

Upcoming Events