လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၄)၊ စပယ်လမ်း၌ (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#shn_nov2018