Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှုကြောင့် သုံးခွမြို့နယ်ရှိ ဇွဲထော်ကျေးရွားနှင့် ထုံးကြီးကျေးရွာအုပ်စုမှ တပိုးတန်းကျေးရွာတို့၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အမိုးလန် ပြိုကျပျက်စီးခဲ့ရသည့် အိမ်ခြေ(၄)လုံးအား (၁)လုံးလျှင် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)စီဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု(၄)စာနှင့် လေဘေးသင့်ပြည်သူ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၉၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၉၄၀၀ိ/-)အား သုံးခွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရပ်မိရပ်ဖများနှင့်အတူ (၂၄-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာ (၂၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၂၉၄၀ဝိ/-) တို့ကို (၂၃-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၁၅) နာရီအချိန်ထိ လွိုင်ကော် မြို့နယ်၊ အ.ထ.က (၅) ကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း (၂၃၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_nov2018
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာမှ ကျေးရွာနေပြည်သူလူထု (၇၀) ဦးနှင့် ကျောင်းသား/သူ (၃၅၀) ဦး စုစုပေါင်း (၄၂၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ဆရာ၊ ကျောင်းသား/သူများအတွက် အသက်ကယ်အင်္ကျီများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်အုပ်စု၊ ကွင်းသစ်ကျေးရွာတို့၌ (၂၀-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊သကျက်အုပ်စု၊ ဆင်ခေါင်းကျေးရွာမှ တောင်းခံထားသည့် ဆရာ (၁) ဦးနှင့် ကျောင်းသား/သူ (၁၅) ဦးတို့အတွက် အသက်ကယ်အင်္ကျီ (၁၆) … Read more
-
မောင်တောမြို့၊ ခရိုင်ထွေ/အုပ်ရုံးအနီးရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းရှိ မိသားစုများအတွက် ထောက်ပံ့ခြင်း
================================================ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့၊ ခရိုင်ထွေ/အုပ်ရုံးအနီးရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းရှိ မိသားစု (၂၉၃) စု၊ ကျား (၆၀၂) ဦး၊ မ (၆၂၃) ဦး စုစုပေါင်း (၁၂၂၅) ဦးအတွက် ဆန် (၈) ပြည်အိတ် (၆၁၂) အိတ်၊ ပဲ ၁.၅ ပိဿာပါကင် (၆၁၂) ပါကင်၊ ဆီ (၆၁၂) လီတာ၊ ဆား … Read more
-
၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာအတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ခြင်း
================================================ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၆၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၈၀၀၀၀၀) ကျပ်အား (၂၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ မဟာရွှေခဲကျောင်းတိုက်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Dr.ဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် လူငယ်ပရဟိတ ဖွံ့ဖြိုးရေးဂေဟာများသို့သွားရောက်
================================================= နိုဝင်ဘာ ၂၀၊ နေပြည်တော်——– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝိုင်းမော်မြို့၊ မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းသို့ ယမန်နေ့ နံနက် ပိုင်းတွင်ရောက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုစေရန် မြန်မာနိုင်ငံငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အမျိုးသားကျန်းမာရေးကွန်ယက် ဆေးကုသမှု အဖွဲ့၏ဆေးကုသနေမှုအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းရှိ ဆေးကုသမည့် လူနာများအားတွေ့ဆုံကာ စခန်းတွင်နေထိုင်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကိုရင်းနှီးစွာမေးမြန်းခြင်း၊ ရှင်းလင်းဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် AHA Centreမှ လှူဒါန်းသော ဆိုလာမီးအိမ်(၃၀၀၀)လုံးအနက်မှ ကဝမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်(၁၀၀)လုံးအား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက္ကယ်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၈-၁၁-၂၀၁၈)နေ့က အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ (၃၆) ဦးတို့အတွက်-ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁၂-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၂၂၂,၁၂၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၂၀၀,၀၀၀)နှင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၅,၆၀၀) တို့အား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









