Category Archives: News
-
မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော နယ်မြေဒေသအခြေအနေအရ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စုရှိ အင်ဝိုင်းကောင်ကျေးရွာနှင့် အင်လောက်ယန်ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိမိတို့အိုး အိမ်၊ လယ်၊ ယာများအား စွန့်ခွာ၍ မြစ်ကြီးနားမြို့နယ်ယာယီတိမ်းရှောင်စခန်းများသို့ ရောက်ရှိနေထိုင်ခဲ့ရပြီး၊ ၂၀၁၈ခုနှစ် မေလကုန်ပိုင်းမှစတင်၍ နယ်မြေဒေသတည် ငြိမ်အေးချမ်း၍ နေရပ်ဒေသသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသဖြင့် မူလအလုပ်အကိုင်အခွင့်အလမ်း ပိုင်ဆိုင်မှုများအထိုက်အလျောက်ဆုံးရှုံးမှုများဖြစ်ပေါ်၍ လက်ရှိတွင်အခက်အခဲများ ကြုံတွေ့နေရသော ဒေသခံပြည်သူ အိမ်ထောင်(၉၀)၊ လူဦးရေ(၅၇၄)ဦးတို့အတွက် ဆန်၊ ဆီ၊ … Read more
-
ကမ်းပြိုဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာတို့၌ (၆-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၁၀၀) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၉၁၀,၀၀၀/-) … Read more
-
သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၊ လွယ်ဆိုင်ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲအား (၉.၁၀.၂၀၁၈) ရက်နေ့ (၁၃း၀၀) အချိန်မှ (၁၆း၀၀) ချိန်အထိကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ မြို့မိမြျို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_Nov2018 Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိ ပညာပေး ဟောပြောခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၁၀-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပြည်သူလူထု (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍အသိပညာ ပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_eqk #ygn_nov2018
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပိုမိုပြည့်ဝစေရန် ကလေးမြို့တမူးကားလေးကွင်း/ကားကြီးကွင်း/ရိခေါဒါကားလေးကွင်းတို့အပြင်မြို့မဈေး/တာဟန်းဈေးတို့၌ ငလျင်နှင့် မီးဘေး ပိုစတာကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများထံ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_Nov2018 Source:ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်နေမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးနှင့် ဘီးလင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား (၈-၁၁-၂၀၁၈)ရက်နေ့နှင့် (၉-၁၁-၂၀၁၈)ရက်နေ့များတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၌ ပြည်သူလူထု (၄၀၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #mon_Nov2018 Source – သထုံခရိုင်ဦးစီးမှူးရုံး
-
မီးဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း (၅.၁၁.၂၀၁၈) ရက်နေ့တွင် ညောင်ပင်သာအုပ်စု ရေပေါက်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရသော အိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၀၅၀၀ိ/-)စုစုပေါင်းရန်ပုံငွေ(၁၁၀၅၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာ( တန်ဖိုး-၁၈၅၁၀ိ/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၁၂၉၀၁၀ိ/-) ကိုလည်းကောင်း, (၈.၁၁.၂၀၁၈) ရက်နေ့တွင် သက္ကယ်ကျွန်းအုပ်စု ဝါးပတောကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(သစ်အိမ်)(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၂) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၈) ရက်နေ့တွင် (၁၃း၃၀) အချိန်တွင် ကောင်းဟိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၃၈) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #sgg_Nov2018 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
(၉.၁၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသောနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ASEAN Coordinating Centre for Humanitarian Assistance on Disaster Management(AHACentre)နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။ #hl1 #Singapore_Nov2018 Source … Read more
-
မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာ၊ ရပ်ကွက် (၄) ၌ (၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #shn_Nov2018









