၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာအတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ခြင်း

22 Pic 01 22 Pic 02
================================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၆၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၈၀၀၀၀၀) ကျပ်အား (၂၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ မဟာရွှေခဲကျောင်းတိုက်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Dr.ဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events