
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၁၅) နာရီအချိန်ထိ လွိုင်ကော် မြို့နယ်၊ အ.ထ.က (၅) ကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း (၂၃၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#kyh_nov2018