Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် အ.ထ.က နောင်မွန်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟော ပြောကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၄ဝဝ)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ကျီရာပြင် ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဌာနမှ တာဝန် ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျေးရွာမှ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း (၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်း၌လည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာ ပေးဟောပြောပွဲ များပြုလုပ်ခဲ့ရာ ဌာနမှတာဝန်ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ ကျေးရွာသား … Read more
-
ဖျာပုံမြို့နယ်အတွင်း ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈)ရက်နေ့တွင်ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာတွင်ကျေးရွာမီးလင်းရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လှူဒါန်းထားသည့် မီးစက်ဖြင့်ကျေးရွာတစ်ရွာလုံး မီးဖြန့်ဝေအသုံးပြုနေရာမှပျက်သွားခြင်းကိုပြုပြင်ရန်ထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀) တိတိအား ဘုရားကုန်းကျေးရွာမီးလင်းရေးကော်မတီအဖွဲ့သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_dec2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ကျောင်းစုကျေးရွာအုပ်စု၊ နတ်စဉ်ကျောင်းစု ကျေးရွာတွင် (၁၃-၁၁-၂၀၁၈)ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့သည့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုမှလူဦးရေ (၈) ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့ကို ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ရှိသူ များ၏ရှေ့မှောက်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_dec Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ နတ်ရေတွင်းကျေးရွာ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် Family Kits (၁) ပုံးတို့အား (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #sgg_dec2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း
ဒီဇင်ဘာ ၁၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ကျောက်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်းနှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်း ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက် ပိုင်းက ယပ်လှဲကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သံဃ မဟာနာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်နှင့် … Read more
-
ရသေ့တောင်မြို့နယ်အတွင်း ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈)ရက်နေ့ (၀၃:၃၀)အချိန်၌ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင် ကျေးရွာအုပ်စု၊ပိတောက်မြိုင်ကျေးရွာတွင်ဖြစ်ပွားသော တောဆင်ရိုင်းသတ်ဖြတ်သဖြင့်သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း (ဘ)ဦးရွှေလူး၏ မိသားစုထံသို့ ထောက်ပံငွေကျပ်(၃၀၀,၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2018 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး မြေစိုက်ဆိုင်းဘုတ်ဗီနိုင်း(ပိုစ်စတာ)စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၁၂-၂၀၁၈)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် ဗန်းမော်မြို့၊ သုံးမိုင်ကွက်သစ် ဗန်းမော်မြစ်ကြီးနားကားလမ်းဘေးတွင် သဘာဝဘေးအသိပညာပေး မြေစိုက် ဆိုင်းဘုတ်ဗီနိုင်း(ပိုစ်စတာ) စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_nov2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မာန်အောင်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်
နိုဝင်ဘာ ၃၀၊ မာန်အောင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦလှမော်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့ ကြပြီး ထိုမှတစ်ဆင့် စက်တပ်ရေယာဉ်ဖြင့် မာန်အောင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ … Read more









