သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း (၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်း၌လည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာ ပေးဟောပြောပွဲ များပြုလုပ်ခဲ့ရာ ဌာနမှတာဝန်ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပြီး ကျေးရွာမှ တာဝန်ရှိသူများထံသို့ သဘာဝဘေးအသိပညာပေး နံရံကပ်ပိုစတာများအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_dec2018

Sign Up

Upcoming Events