လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ကျီရာပြင် ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဌာနမှ တာဝန် ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျေးရွာမှ တာဝန်ရှိသူများထံသို့ သဘာဝဘေးအသိပညာပေး နံရံကပ်ပိုစတာများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_dec2018