Category Archives: News
-
အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံကနိကျေးရွာ၊ ကဒုံကနိနယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနား၌ အခြေခံသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်မြေစခန်းမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၆၅) ဦးခန့် တက်ရောက် ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
မိုးကြိုးဘေးကြောင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၃း၁၅)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေး ကျေးရွာလှေဆိပ်အနီး ရပ်နားထားသော ငါးမျှားပိုက်လှေအားမိုးကြိုးပစ်ခဲ့ရာ လှေပေါ်ရှိ မောင်ရဲပိုင်စိုး(၁၇)နှစ်မှာ စက်ကွင်းမိ၍ လည်ပင်းနှင့် ရင်ဘတ်တွင် မီးလောင်ဒဏ်ရာ များရရှိ၍ မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ တင်ပို့ကုသခံယူနေပါသဖြင့် ဆိုပါဒဏ်ရာရ လူနာအတွက် ဆေးကု သစရိတ် ၅သောင်း အား (၈.၁၂.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_dec2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း များဆောင်ရွက်မှုသတင်း
ဒီဇင်ဘာ ၈ ၊ လွိုင်ကော် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မိမိသဘောဆန္ဒ အလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအနက် ကယားပြည်နယ်တွင် ပြန်လည်အခြေချ နေထိုင်လိုသူများကို ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ထိုင်းနိုင်ငံ ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက်နေရပ် ပြန်လည်ဝင်ရောက်လာသူများကို ကယား ပြည်နယ်အတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ အင်းလယ်ကျေးရွာအုပ်စု၊ အင်းလယ်ကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၃ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) … Read more
-
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာသူကျေးရွာသားများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ(၆)ရက်နေ့၌ ဘဝသစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့်အတူ ဖျာပုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပွဲ တွင် ဌာနမှ ဆောင်ရွက်ချက်များရှင်း လင်းခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့လင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂၀၁၈)နေ့လယ် (၁၆း၀၀)နာရီအချိန်တွင် ကောလင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ဆီဆုံ ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးအား သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင် ရန်များ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာ များဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ အောင်ရတနာရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ရာ လူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှပေးခဲ့ကာ ရပ်ကွက်အုပ်စုအုပ်ချုပ် ရေးမှူးထံသို့ မီးဘေး/ ငလျင်ဘေး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ သီရိရတနာရပ်ကွက် ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ရာ လူဦးရေ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ကာ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးထံသို့ မီးဘေး/ ငလျင်ဘေး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2018
-
Grace Happy Land မိဘမဲ့ ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏(၇.၁၂.၂၀၁၈)ရက်နေ့ခရီးစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ အမှတ်(၅)သီတာအေးလမ်းရှိ Grace Happy Land မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား Palm Spring Hotel ၌ ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #kcn_dec2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၇၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိ ပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များဝေငှ ပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









