
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၇၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိ ပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များဝေငှ ပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_dec2018
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)