Category Archives: News
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ အထက အုန်းပင်ကွင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အဆိုပါကျောင်းအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ကံပေါက် ကျေးရွာ၊ အထက ကံပေါက်၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အဆိုပါကျောင်း အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၁.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့ အလက နောင်တောင်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ အမှတ် (၄) အထပ်သားစက်ရုံ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ကျွမ်းပျက်စီးခဲ့သည့် ဝန်ထမ်းလိုင်းခန်း (၃) ခန်းတွဲ (၂) ထပ် (၁) လုံးမှ အိမ်ထောင်စု (၅) စုရှိ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ … Read more
-
IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုသတင်း
နိုဝင်ဘာ ၂၉၊ နေပြည်တော် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသော IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းအမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်(၄)ခုမှ အစိုးရတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်း … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE .Mr.Daniel Patrick Chugg မှ လာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ၊၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE.Mr. Daniel Patrick Chugg မှ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုများတွင် ဗြိတိန်နိုင်ငံက ပါဝင်ကူညီ နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် မိုင်းဆတ်မြို့၊ အ.လ.က (ကျဒယ်) ကျောင်း ၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်း ဌက်ပျောတောကျေးရွာ ရွှေကျော်ဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကရင်ပြည်နယ်အတွင်း အဖြစ်များသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ အကြောင်းကိုဟောပြောခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျေးရွာရှိ စာသင်ကျောင်းများအတွက် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊ အထက (၃) အစည်းအဝေး ခန်းမတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းကို တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာ နေထိုင်နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးညီညီဇေမှလည်းကောင်း ဟောပြောခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄း၀၀) နာရီတွင် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း ကိုဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာ အ.လ.က ကျောင်းတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၂၁၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ လက်ပံကျေးရွာသည် ပင်လယ်နှင့်နီးသော ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းဒဏ်ခံစားခဲ့ရေသော ဒေသဖြစ်သဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေးများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ပြည်သူ များသိရှိနားလည်စေရန် … Read more









