မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အကောင် အထည်ဖော်ဆောင်ရွက်မည့် Proposal (၂၂)ခုနှင့်ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် ထပ်မံ ဖြည့်စွက်ဆောင်ရွက်ရန်၊ စီမံချက်များဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန်၊ မြေနေရာလိုအပ် ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းဆောင် ရွက်နိုင်ရေး အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ် အစိုးရအနေဖြင့် စာချွန်လွှာပါ Proposal တွင်ပါရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဦးစီး ဆောင်ရွက်ရမည့် လုပ်ငန်းများအပြင် ပူးပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ကြပ်မတ် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ တွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_dec2018
Source: MSWRR