သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(၁/၂၀၁၈) ဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်မှုသတင်း

11_Pic_01 11_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် (၁၀-၁၂-၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီအချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများမှ အရာရှိများ၊ လူမှုအဖွဲ့အစည်းများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (၁၀း၀၀)နာရီအချိန်တွင် အခမ်းအနားပြီး မြောက်ခဲ့ကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ တက်ရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၈)အား သင်တန်းသား(၅၀)ဦးဖြင့် (၁၀-၁၂-၂၀၁၈)ရက်နေ့မှ (၁၄-၁၂-၂၀၁၈)ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#kcn_dec2018
Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events