
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမ မှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့၊ (၀၈း၃၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ရခိုင်ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေး စာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါ သည်။ အဆိုပါသင်တန်းအား ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၄၀)ဦးတို့ဖြင့် (၁၁-၁၂-၂၀၁၈)ရက်မှ (၁၅-၁၂-၂၀၁၈)ရက်ထိ (၅)ရက်တာ ကျင်းပသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#rke_dec2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)