
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၁၂.၂၀၁၈)ရက်နေ့ ၊ နံနက် (၀၉းဝဝ)နာရီမှ နေ့လည် (၁၁:၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါအုပ်စု၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ (ပန်တားလေ)ကျောင်း တွင် တက်ရောက်သူ ဆရာ ဆရာမ နှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့ သရုပ်ပြခြင်း၊ လက်တွေ့ပါဝင်ဆောင် ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#shn_dec2018
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)