Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၃၆၀၀) ကျပ်တို့ကို (၆-၁၂-၂၀၁၈) ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ကြိမ်ချောင်းကြီး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းတက်ရောက်ဦးရေ (၂၅၀) ဦးခန့်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ခိုလှုံရာစခန်းအဖြစ် အသုံးပြုနိုင်ရန်နှင့် သာမန်အချိန်များတွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင့် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ယင်း School Cum Shelter … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
================================================ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာအလယ်တန်းကျောင်း၌ ပြုလုပ်သော သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား၊ ကျောင်းသူ/သား စုစုပေါင်း (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံသာကုန်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာ၌ (၄-၁၁-၂၀၁၈) ရက်နေ့၊ (၁၉း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုထည့်သွင်းပေါင်းစပ်ခြင်းဆိုင်ရာ ခရိုင်အဆင့်သင်တန်း ဖွင့်လှစ်ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ခရိုင်စုပေါင်းရုံး၌ (၅-၁၂-၂၀၁၈) ရက်နေ့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုထည့်သွင်း ပေါင်းစပ်ခြင်းဆိုင်ရာ ခရိုင်အဆင့်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်ခရိုင်ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်း (၃၀) ဦး သင်တန်းတက်ရောက်ပြီး သင်တန်းကာလမှာ (၃) ရက်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်မှူး တို့မှ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခြင်း
================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကလောမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့် (၂) ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၂-၂၀၁၈) ရက်နေ့၊ (၉း၃၀) နာရီမှ (၁၁း၃၀) နာရိအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထိန်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား/သူ (၃၀၀) ဦးနှင့် ကျေးရွာသား/သူ (၁၀၀) ဦး၊ စုစုပေါင်း (၄၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၅/၂၀၁၈) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ (၅-၁၂-၂၀၁၈) ရက်နေ့၊ (၀၉:၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၅/၂၀၁၈) ကိုဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်း သား/သူ (၃၀) ဦးတု့ိ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ရွာမကျေးရွာ၌ (၃.၁၂.၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၁၄)လုံး အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၈,၁၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၂၈,၁၀၀/-)တို့အား (၅.၁၂.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









