Category Archives: News
-
အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ခရိုင်အဆင့် မိတ်ဖက်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ခရိုင်အဆင့် မိတ်ဖက်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁ရး၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါကြောင်း သိရှိရပါသည်။
-
ဖလမ်းခရိုင်အတွင်းရှိ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဖိုရမ်ကျင်းပခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (Myanmar Preparedness Partnership-MPP)တို့ ပူးပေါင်း၍ ဖလမ်းခရိုင်အတွင်းရှိ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဖိုရမ်အား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ YCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ပညာသင်စရိတ်ထောက်ပံ့ခြင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ရှိ နေခြည်လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား/သူ(၁၃)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေ(၇၅,၀၀၀ိ/-)အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အ.လ.က-ထန်းရုံ ကျေးရွာကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်သူများထံ ကျောင်းသုံးဗလာစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် ကသာမြို့နယ်၊ မင်းလယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း(၂၂၆)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ မေးခွန်းများအား ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာအစုံများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊အထက(ကန်ပြား)၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈) ရက်နေ့(၁၃:၀၀) နာရီအချိန်၌ မကွေးမြို့နယ်၊ အထက(ကန်ပြား)၌ ကျောင်းသား/သူနှင့် ဆရာ/ဆရာမအင်အား (၃၀၀) ဦးခန့် အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ # ar #mgy_dec2018 Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ မြေနုကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဆပ်ပြာခဲနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်မှ (၁ရး၃၀) အချိန်ထိ ကောလင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၈၀) ဦးအား သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ကော့သောင်းခရိုင်အတွင်း သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၄-၁၂-၂၀၁၈) ရက်နေ့မှ (၁၆-၁၂-၂၀၁၈) ရက်နေ့ထိ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင် (၃) ရက်သင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec2018 … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာ၌ (၁၂-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၀၅၀၀ိ/-) တိတိအား (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) … Read more









