သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ပို့ချမှုသတင်း

14 Pic_0214 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ကော့သောင်းခရိုင်အတွင်း သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၄-၁၂-၂၀၁၈) ရက်နေ့မှ (၁၆-၁၂-၂၀၁၈) ရက်နေ့ထိ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင် (၃) ရက်သင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:         ကော့သောင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#tny_dec2018

 

 

Sign Up

Upcoming Events