
=================================================
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် ကသာမြို့နယ်၊ မင်းလယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း(၂၂၆)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ မေးခွန်းများအား ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာအစုံများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။