
=================================================
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်မှ (၁ရး၃၀) အချိန်ထိ ကောလင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၈၀) ဦးအား သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။