Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ (၁၅.၁၂.၂၀၁၈)ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆောင်းကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင် (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး(၁)အိမ်ထောင်စာ၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-)တို့အား (၁၇.၁၂.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kyh_dec2018 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံသာကုန်းကျေးရွာအုပ်စု၊ တုန်းလှဲကျေးရွာ၌ (၁၃-၁၂-၂၀၁၈) ရက်နေ့ (၁၇၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေး(၃)ဦး ဘေးသင့်ခဲ့ရာ နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀,၀၀၀)၊ လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၆,၃၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၆,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအား (၁၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၄၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးဆောင်ပြုလုပ်သော မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူသိရှိနိုင်ရန် စက်သုံးဆီဆိုင်များ၊ ဈေးဆိုင်ခန်းများသို့သွားရောက်ကာလက်တွေ့မီးငြိမ်းသတ်ခြင်းများပြုလုပ်မှုကို ပူးပေါင်းပါဝင်ပြီး ဘေး(၈)မျိုးပါဝင်သောအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈ ) ရက်နေ့ (၁၃:ဝဝ)နာရီအချိန်တွင် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း (၃၂၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈ ) ရက်နေ့ (၁၀:ဝဝ)နာရီမှ(၁၂:၀၀)နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ အထက(၂)သထုံ ၌ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအသိ ပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျောင်းအတွင်းနံရံကပ် ပိုစတာများကပ်ခြင်းတို့အားကျင်းပပြု လုပ်ခဲ့ရာ ကျောင်းသား/သူ စုစု ပေါင်း(၄၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
မိုးညှင်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ ဖုတ်လူးကျေးရွာ၌ (၉-၁၂-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀,၀၀၀)၊ ဒဏ်ရာရရှိသူလူနာ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၀,၀၀၀)ကျပ်အား (၁၇-၁၂-၂၀၁၈)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၈)ရက်နေ့ လေးမျက်နှာမြို့နယ်အတွင်းရှိ သုံးဆက်ကျေးရွာအုပ်စု၊ သုံးဆက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေကျပ် ( ၁၂,၆၀၀)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၁၂,၆၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာကို (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာကျေးရွာသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈)ရက်နေ့ (၁၂ဝဝ)နာရီမှ (၁၄ဝဝ)နာရီ အချိန်ထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ကျင်ခွါးကျေးရွာအုပ်စု၊ ကျင်ခွါးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးမဖြစ်ပွားမီကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးဖြစ်ပွားပြီးနောက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ဟောပြောပို့ချခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအားဘေး(၈)မျိုး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၁၂-၂၀၁၈) ရက်နေ့ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ သင်တန်းသား (၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ အတွင်းရေးမှူးချုပ်နှင့်အဖွဲ့ ကွင်းဆင်းလေ့လာမှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာ(၁၇)ရက် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန်နှင့် အာဆီယံမှ ပူပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for … Read more









