လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးဆောင်ပြုလုပ်သော မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူသိရှိနိုင်ရန် စက်သုံးဆီဆိုင်များ၊ ဈေးဆိုင်ခန်းများသို့သွားရောက်ကာလက်တွေ့မီးငြိမ်းသတ်ခြင်းများပြုလုပ်မှုကို ပူးပေါင်းပါဝင်ပြီး ဘေး(၈)မျိုးပါဝင်သောအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။