Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁း၀၀) နာရီမှ (၁း၄၅) နာရီအထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာနေပြည်သူ (၈၃) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် ပါဝင်သည့် ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သင်တန်းသား သင်တန်းသူများ သိရှိနားလည်သဘောပေါက်စေရန် ကွင်းဆင်းလေ့လာခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူ (၅၀) ဦးအား (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် အဆိုပါသင်တန်း၏ ဘာသာရပ်တစ်ခုဖြစ်သော ရပ်ရွာလူထုအခြေပြု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်စေရန်အတွက် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ လွယ်ဆောင်ကျေးရွာသို့ ကွင်းဆင်းလေ့လာပြီး ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်း၊ အားနည်းချက်များ၊ အားသာချက်များ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်မြို့၊ အ.ထ.က(သံတောင်) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၄၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များအား အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ၊ ထောင်ဟောခန်းမ၌ (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၇၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် ကွေကာအုပ်ထုတ်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #chn_dec2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးခြင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ ဟားခါးမြို့နယ် သီဖူလ်းကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား (၃၅) ဦးတို့အား ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျေးရွာအတွင်း ချိတ်ဆွဲနိုင်ရေးအတွက် ဘေး(၈)မျိုးပါ နံရံကပ်ပိုစတာများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈) ရက်နေ့နံနက်တွင် မိုင်းခုတ်မြို့နယ်၊ မူလတန်းလွန်ကျောင်း (လွယ်ဆောင်)ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်မှ (၁ရး၀၀) နာရီအချိန်ထိ ကောလင်းမြို့နယ်၊ နှောခုံကျေးရွာအုပ်စု၊ နှောခုံကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ရာ ရွာသူ/သား (၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက် ထုတ်များဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်မှ(၁၁း၃၀)အချိန်ထိ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးမူလွန် ကျောင်း၌ ကျောင်းသား/သူ အင်အား(၂၅) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ များဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #chn_dec2018 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရှေးဦးသူနာပြုရပ်ရွာအရေးပေါ်တုံ့ပြန်မှု အခမဲ့သင်တန်း ဖွင့်လှစ်ပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Resuce Development Council နှင့်ပူးပေါင်း၍ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခမ်းမ၌ (၂၁-၁၂-၂၀၁၈) ရက်နေ့မှစ၍ ရှေးဦးသူနာပြု ရပ်ရွာအရေးပေါ်တုံ့ပြန်မှု အခမဲ့သင်တန်းကို တစ်နေ့လျင် လူဦးရေ (၅၀) ဦးဖြင့် (၃) ရက်တာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးစီးဌာနမှ သင်တန်း သားများ၊ လူမှုရေးအဖွဲ့အစည်းများမှ သင်တန်းသားများဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး၊ ဦးသန့်ဇော်မောင်နှင့် ဒုတိယဦးစီးမှူး၊ ဒေါ်လဲ့ယဉ်ဝင်းတို့သည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ ကံကျေးရွာ အုပ်စု၊ အလယ်ရွာ၌ ရွာသူ၊ ရွာသား (၁၀၀)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဆပ်ပြာခဲများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









